Showing posts with label ပညာရပ်ဆိုင်ရာစာတမ်းများ/ဆောင်းပါးများ. Show all posts
Showing posts with label ပညာရပ်ဆိုင်ရာစာတမ်းများ/ဆောင်းပါးများ. Show all posts

ပညာရဲ့သဘော

ပညာရဲ့သဘော

ရေးသူ - တက္ကသိုလ်ဘုန်းနိုင်
တန်ဖိုး - 2000 kyat
ပညာရဲ့သဘောစာအုပ်ဟာ "ပညာ" နဲ့ ပတ်သက်ပြီး "သင့်ဘဝ အောင်မြင်ရေး" မဂ္ဂဇင်းက  ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို မေးမြန်းထားတဲ့ အင်တာဗျူးဆောင်းပါးတွေကို စုစည်းထုတ်ဝေတာ ဖြစ်ပါတယ်။

ပညာရဲ့သဘောနဲ့ ပတ်သက်ပြီး ဆရာကြီးက ရှုထောင့်ပေါင်းစုံမှ နက်နက်နဲနဲ ရှင်းလင်းဖြေကြားထားပြီး နိုင်ငံတကာ ပညာရေးစနစ်တွေအကြောင်း၊ ပညာရေးမှာ သုတေသနဟာ အလွန်အရေးပါပုံ၊ ပညာရေးဟာ နိုင်ငံတိုးတက်ဖို့ အခြေခံအုတ်မြစ်ဖြစ်ပုံ၊ ဗုဒ္ဓဟောကြားခဲ့တဲ့ ပညာရေးရဲ့ အနက်အဓိပ္ပာယ် စသဖြင့် ဘက်ပေါင်းစုံမှ ပြည့်စုံစွာ ရှင်းပြခဲ့ပါတယ်။ 

သင်္ချာသဘောတရားအကြောင်းလေ့လာမယ်

သင်္ချာသဘောတရားအကြောင်းလေ့လာမယ် 

 

ရေးသူ - ခေတ်ဘုန်းသစ်
တန်ဖိုး - ၁၆၀၀ ကျပ်

စသည်၊ စသည့်ဖြင့်……

ပညာရပ်နှင့် ပတ်သက်၍ အတွင်းကျကျရေးထားသဖြင့်
သည်းခံကာ ဖတ်ကြစေချင်သည်။ တစ်ထိုင်တည်းနှင့် အပြီးဖတ်ရမည့် စာအုပ်မျိုးမဟုတ်။ ဖတ်ပြီး လွှင့်ပစ်ရမည့် စာအုပ်မျိုးမဟုတ်၊ ခုဖတ်၍ နားမလည်သေးလျှင် နောက်တစ်ကြိမ် နှစ်ကြိမ် ဖတ်ကြည့်။
ပုဆိုးမဝတ်တတ် ထဘီမဝတ်တတ်တော့သည့် ပိုစ့်မော်ဒန် မြန်မာလူငယ်တို့ လဲ ဖတ်ကြည့်သင့်သည်။

စသည်၊ စသည့်ဖြင့်……

ရေးသူ - မြင့်သန်း
တန်ဖိုး - ၂၀၀၀ ကျပ်

လီရနာ ဂင်္ဂါ ဧရာဝတီ

လီရနာ ဂင်္ဂါ ဧရာဝတီ

 
 
ရေးသူ - တက္ကသိုလ်ဘုန်းနိုင်
တန်ဖိုး - ၁၃၀၀၀ ကျပ်

မြန်မာစာသင်ရိုးနှင့် သင်နည်းသုတေသန

မြန်မာစာသင်ကြားနေသူများနှင့် မြန်မာစာသင်ရိုး အကြောင်း လေ့လာလိုသူများအတွက် မြန်မာစာ သုတေသန ပညာရှင်တစ်ဦး၏ အတွေ့အကြုံနှင့် အတွေးအမြင်များကို မျှဝေထားသောစာအုပ်။

မြန်မာစာသင်ရိုးနှင့်
သင်နည်းသုတေသန

ပါမောက္ခဦးသန်းထွတ်(ငြိမ်း)
ပညာရေးတက္ကသိုလ်

ရောဂါသိလျှင်ဆေးရှိသည်ဟုဆိုကြသည်။ထိုအဆိုအမိန့်သည်သမားလက်သုံးပင် ဖြစ်သော်လည်း မြန်မာစာသင်ကြားရေးအတွက်အသုံးပြုရပါလိမ့်မည်။ စာစစ်မှူးများ ၊စာရေးဆရာများ၊ဝေဖန်ရေးပုဂ္ဂိုလ်များ၊ ကဗျာဆရာများကခေတ်အဆက်ဆက်တွင် မြန်မာစာသင်နည်းနှင့်ပတ်သက်၍အမျိုးစုံဝေဖန်ဆွေးနွေးခဲ့ကြပါသည်။ယင်းဝေဖန်ချက်များကို ပြန်လည်စိစစ်လျက်စနစ်သစ်မြန်မာစာသင်နည်းသဘောတရားကိုဆွေးနွေးညှိနှိုင်းကြရန်အချိန်တန်ပြီ ဖြစ်ကြောင်းဖိတ်ခေါ်ရေးသားလိုက်ရပေသတည်း။
( မြန်မာစာသင်နည်းသုတေသနလမ်းစမှ… )

တန်ဖိုး ၃၀၀၀ ကျပ်။

Monywa Online Book Shop

09449118883
09449118884

မြန်မာစာပေဝေဖန်ရေး သမိုင်း

မြန်မာစာပေဝေဖန်ရေး သမိုင်း
တန်ဖိုး - ၄၀၀၀ ကျပ်

မျက်မှောက်ခေတ် စာပေလောကတွင် အရှားပါးဆုံး စာပေအမျိုးအစား တစ်ခုကို ပြပါဆိုရင်တော့ ဝေဖန်ရေးစာပေကိုပင် ပြသရပါမယ်။
ဝေဖန်ရေး အားနည်းခြင်းရဲ့ အကျိုးဆက်အဖြစ် စာပေဖန်တီးမှူများပါ အားနည်းလျှော့ပါးလျက်ရှိပါတယ်။
စာပေဝေဖန်ရေးဟာ ဘယ်လိုကြောင့် အားနည်းခဲ့ရပါသလဲ။ မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်ခေတ်တွေမှာ စာပေဝေဖန်ရေး အားကောင်းခဲ့ပါသလဲ။ ဘယ်လို ပုံစံနဲ့ အားကောင်းခဲ့တာလဲ။ အကျိုးဆက်အားဖြင့် စာပေဖန်တီးမှူများပါ ဘယ်လို မြင့်မားခဲ့တာလဲ။ အစရှိတဲ့ စိတ်ဝင်စားဖွယ် ဝေဖန်ရေးသမိုင်းများကို ဝေေ၀ဆာဆာ ပြုစုရေးသားထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
ရေးသားသူ ဆရာမောင်စွမ်းရည်ကိုယ်တိုင်ဟာလည်း မြန်မာစာပေဝေဖန်ရေးလောကမှာ လက်စောင်းထက်လွန်းအားကြီးတာကြောင့် လူသိများ ထင်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အခုစာအုပ်ဟာ တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ဖူးခြင်း မရှိဘဲ ယခုအခါမှ အသစ်စက်စက် ပုံနှိပ်ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ပြုစုထားပြီး နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစာပေလောကမှာ ဝေဖန်ရေးသမိုင်းဆိုပြီး စာအုပ်တစ်အုပ်မှ မထုတ်ခဲ့ဖူးတဲ့အတွက် စာပေလောကအတွက်ပါ အကျိုးရှိစေတဲ့ စာအုပ်ကြီး တစ်အုပ်လည်း ဖြစ်ပါတယ်။
စာပေဝေဖန်ရေးဆိုတဲ့ သဘောသဘာဝကို နားလည်စေရုံသာမက သမိုင်းကြောင်းကိုပါ သိရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ပဒေသရာဇ်ခေတ် စာပေဝေဖန်ရေး၊ ကိုလိုနီခေတ် စာပေဝေဖန်ရေး၊ စစ်ကြိုခေတ် စာပေဝေဖန်ရေး၊ ခေတ်စမ်းခေတ် စာပေဝေဖန်ရေး၊ နဂါးနီအသင်း စာပေလှူပ်ရှားမှူနှင့် ဘုံဝါဒအမြင် စာပေဝေဖန်ရေး အစရှိတဲ့ ခေတ်ကာလများအပေါ် အခြေခံထားတဲ့ စာပေဝေဖန်ရေးအကြောင်းများ ပါဝင်သလို
ဒဂုန်တာရာ၏ စာပေဝေဖန်ရေး၊ သိန်းဖေမြင့် စာပေဝေဖန်ရေး၊ ဇော်ဂျီ စာပေဝေဖန်ရေး ဆိုပြီးတော့လည်း စာပေပညာရှင်ကြီးများရဲ့ စာပေဝေဖန်ချက်များကိုလည်း ချည်းကပ်သုံးသပ်ပြသထားပါတယ်။
စာပေဝေဖန်ရေးအကြောင်း စိတ်ဝင်စားသူများသာမက မြန်မာစာပေသမိုင်းကြောင်း သိရှိလိုသူများပါ မဖြစ်မနေ ၀ယ်ယူသင့်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

09449118884 (viber)

တစ်ပတ်အတွင်းလူကြည့်အများဆုံး