မာကိုပိုလို (Marco polo)
================
စာကြည့်တိုက်စာစဉ် ၄၄
တန်ဖိုး - ၁၅၀၀ ကျပ်
မာကိုပိုလိုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၅၀ ကျော်လောက်က အီတလီနိုင်ငံ
ဗင်းနစ်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက လူတွေဟာ
မွေးဖွားရာ အရပ်မှာပဲ သေဆုံးတဲ့အထိ နေထိုင်ရှင်သန်သွားလေ့ ရှိတယ်။ ဒါပေမဲ့
မာကိုကတော့ သာမန်လူတွေထဲမှာ မပါခဲ့ဘူး။ သူဟာ မိုင်းပေါင်း
တစ်သောင်းတစ်ထောင်ကျော် ကွာဝေးတဲ့ တရုတ်ပြည်ကို သွားခဲ့ပြီးနောက်
ပြန်လာနိုင်ခဲ့ပြီး ဥရောပမှာ အကျော်ကြားဆုံး ခရီးသွားစွန့်စားသူ
ဖြစ်လာခဲ့တယ်။ အဲဒီအချိန်တုန်းက အခြား ဥရောပတိုက်သားတွေ အားလုံးနီးပါး
မသွားရောက်ဘူးတဲ့ ဝေးလံတဲ့ ခရီးကို နှင်ခဲ့ရုံသာမကဘဲ သူ့ရဲ့ ခရီးစဉ်ကို
မှတ်တမ်းစာအုပ်အဖြစ် ပြန်လည် ရေးသားနိုင်ခဲ့လို့ အခြား ခရီးသွားတွေထက်
ပိုပြီး နာမည်ကြီးတာပါ။
မာကိုပိုလိုရဲ့ စာအုပ်ထဲက အရာအားလုံး အစစ်အမှန် ဖြစ်ပါ့မလား။
သမိုင်းပညာရှင်တွေကတော့ ဟိုနေရာ၊ ဒီနေရာမှာ ချဲ့ကားထားတာတွေ ရှိတယ်လို့
ယူဆကြတယ်။ တချို့ဆိုရင် မာကိုပိုလိုဟာ တရုတ်ပြည်ကို တစ်ခါမှ တကယ်
မရောက်ဖူးဘူးလို့တောင် ထင်မြင်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့ စာအုပ်ကြောင့်
မာကိုပိုလိုဟာ တစ်ကမ္ဘာလုံးက သိအောင် ကျော်ကြားခဲ့ပါတယ်။
စသည်ဖြင့်------------------------။
the key collection
စာအုပ်တန်ဖိုး - ၁၅၀၀ ကျပ်
Showing posts with label စာကြည့်တိုက်စာစဉ်. Show all posts
Showing posts with label စာကြည့်တိုက်စာစဉ်. Show all posts
Subscribe to:
Posts (Atom)
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်များ - ၁ ရေးသူ - သစ္စာနီ တန်ဖိုး - ၅၅၀၀ ကျပ်
-
ရှေ့နေချုပ်ရုံးက ထုတ်ဝေသော ဤအင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရအဘိဓာန်တွင်- * အင်္ဂလိပ်ဝေါဟာရပေါင်း ၄၂၀၀ လုံး၏ ဥပဒေဆိုင်ရာ မြန်မာအဓိပ္ပါယ်များကို ...
-
စာအုပ်အမည် - မောင်၊ ကိုကိုနှင့် မြနန္ဒာ စာရေးသူ - ကြည်အေး တန်ဖိုး - 2500 kyat




