မယ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ
ဦးဖိုးကျား
တန်ဖိုး - ၁၅၀၀ ကျပ်
လူသဏ္ဌာန်ကား အသက်၂၅ နှစ်ကျော်ရွယ်ရှိသော အပျို ဖြစ်၍ ကိုယ်လက် ကြီးမား ထွားကျိုင်း၏၊ မိုးဦးကျ၌ ပေါက်တတ်သော ဧရာမ ၀ါးပိုးမျှစ်စို့ပေါက်ကြီးနှင့်လည်း တူ၏၊ ရုပ်ရည်သဏ္ဌာန်မှာ သင့်ရုံ ရှိသော်လည်း လူမနီးသော တောကြီးအုံကြီး နေရသူဖြစ်၍ လည်းကောင်း၊ နေပူမိုးရွာမရှောင် အလုပ် လုပ်ရလေသဖြင့် လည်းကောင်း၊ ဟန်ပန်ပြုလိုသောစိတ် မရှိ၊ အရိုးအချာသက်သက် ဖြစ်လေသဖြင့် လည်းကောင်း၊ သူ၏ ရုပ်မှာ ကြည့်စရာ များစွာ မကောင်းချေ၊ သို့ရာတွင် ၃၁ ဘုံ၌ ဖြစ်သမျှသော သတ္တ၀ါတို့သည် ဤဆင်းရဲ ရိုးအလှသော သူငယ်မကို မြင်ရလျှင် မသနားဘဲ မနေနိုင်ရာ။ အထူးသဖြင့်ကား ဤမိန်းမပျို၏ ခေါင်း၌ ဆံတစ်ထွာ သာသာလောက်သာ ရှိ၍ ဆံထုံး မထုံးနိုင်ချေ၊ စု၍ ကြက်တောင်စည်းထားရ၏၊ ဤသို့ ဆံပင်တိုရသည်မှာ အခြားမဟုတ်၊ ရှေ့ဦးစွာ၌ ဆံပင်သန်၍ ကောင်းသော်လည်း၊ လိမ်းစရာ ဆီလည်း တစ်ကြိမ်တစ်ခါမျှ မ၀ယ်နိုင်လေ၊ သို့ကြောင့် ဆံပင်ကို မရှင်းမလင်းနိုင်သဖြင့် ရှုပ်ထွေး ပျစ်ခဲနေလေ၍ ၀ါးပိုးခါးပန်းပေါ်မှာ တင်ပြီးလျှင် ဓားမကြီးနှင့် ဖြတ်တောက်ပစ်ရ သောကြောင့် ဟူ၏။
(မယ်ဒုက္ခ မှ ----------------)
မယ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
ကမ္ဘာကျော်အီစွတ်ပုံပြင်များ ရေးသူ - မင်းယုဝေ နှင့် ငွေတာရီ (ဘာသာပြန်) တန်ဖိုး - ၄၀၀၀ ကျပ်
-
မှန်နန်းမဟာရာဇဝင်တော်ကြီး (သုံးတွဲပေါင်းချုပ်) ks 13000
-
မင်းပုန်းတောင်သိုင်းသမား ^^^^^^^^^^^^^^^ ဘာသာပြန်သူ - မြသန်းတင့် တန်ဖိုး - ၁၁၀၀၀ ကျပ်
-
ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်များ - ၁ ရေးသူ - သစ္စာနီ တန်ဖိုး - ၅၅၀၀ ကျပ်
-
တက္ကသိုလ်ဘုန်းနိုင် ============ ၁။ ညီမလေးရယ် စိုးရိမ်မိတယ် (၄၀၀၀ ကျပ်) ၂။ မေတ္တာများနဲ့ စိန်ပန်းနီနီ (၃၃၀၀ ကျပ်) ၃။ ကိုယ့်အလှ ဘဝငွေလမ...
-
မြတ်ငြိမ်း ======= ၁။ ဖအေနှစ်ဦးသင်ပေးတဲ့  ဆင်းရဲနည်း၊ ချမ်းသာနည်း ( ၃၀၀၀ ကျပ်) ၂။ ပြသနာအရပ်ရပ်ကို ဦးနှောက်ဖြင့် ဖြေရှင်းလိုသူတို...