ငါးညမြောက်ခေါ်သံနှင့် အခြားဝတ္ထုတိုများ
မောင်ဒေါင်း
အစပထမ တောကြီးမျက်မည်းထဲ သူတို့ တိရစ္ဆာန်များနှင့် အတူနေစဉ်က ထိုလူသည်
အကောင်းအတိုင်းပါပဲတဲ့။ ကျွန်တော့်ရင်ထဲ တမြည့်မြည့် နာကျင်သွားရလေသည်။
တကယ်တော့ ထိုလူသည် ကျွန်တော့်မိတ်ဆွေတစ်ဦးပင်။ တစ်ခါကတော့ သူ့အတွေး၊
သူ့အနေအထိုင်တို့သည် ရိုးသားမှုဖြင့် ၀င်းပနေလျက်။ သူ့ရင်ခုန်သံသည်
ခံစားမှုဖြင့် တုန်ခါနေတတ်ပေသည်။ ထို့အတူ သူ့ရင်ခုန်သံနှင့်
ကျွန်တော့်ရင်ခုန်သံသည် အံ့သြဖွယ်ရာ တူညီတတ်ပြန်လေသည်။ ကျွန်တော်တို့ကား
ရယ်စရာကောင်းလောက်အောင် “စက်” ဆန်သွားကြပြီလား မသိပါ။ ကျွန်တော်တို့သည်
ထိခိုက်ကြေကွဲစရာတစ်ခုကို မတိုင်ပင်ဘဲလျက် ၀ိုင်းခံစား ကြသလို
ဖြစ်နေကြပါသည်။ ကျွန်တော်တို့ကား ကာလတစ်ခုထဲ၊ ဒေသတစ်ခုထဲ။ ထို့အတူ
ပယောဂတစ်ခုထဲ၌ အတူနေထိုင်ကြရပေါ့။ ကျွန်တော်တို့ကား လူတစ်ဦးထံမှ
သိပ်များများ မမျှော်လင့်ပါ။ ကျွန်တော် မျှော်လင့်တာက ရိုးသားတာပင်
ဖြစ်ပါသည်။ မန်းမာတေဦးကတော့ “သူများဆီက လိုချင်တာလည်း ဒါပဲ၊ တို့မှာ
ရှိချင်တာလည်း ဒါပဲ” လို့ ပြောတတ်တာကို ကျွန်တော် ပြန်လည် တမ်းတမိပြန်သည်။
(ငါးညမြောက်ခေါ်သံ မှ ----------------)
မောင်ဒေါင်း
စာအုပ်တန်ဖိုး ၁၅၀၀ ကျပ်
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
မင်းပုန်းတောင်သိုင်းသမား ^^^^^^^^^^^^^^^ ဘာသာပြန်သူ - မြသန်းတင့် တန်ဖိုး - ၁၁၀၀၀ ကျပ်
-
ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်များ - ၁ ရေးသူ - သစ္စာနီ တန်ဖိုး - ၅၅၀၀ ကျပ်
-
ရှေ့နေချုပ်ရုံးက ထုတ်ဝေသော ဤအင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရအဘိဓာန်တွင်- * အင်္ဂလိပ်ဝေါဟာရပေါင်း ၄၂၀၀ လုံး၏ ဥပဒေဆိုင်ရာ မြန်မာအဓိပ္ပါယ်များကို ...
-
စာအုပ်အမည် - မောင်၊ ကိုကိုနှင့် မြနန္ဒာ စာရေးသူ - ကြည်အေး တန်ဖိုး - 2500 kyat
